ရေကြည်ကြည်လေးရဲ့အောက်မှာ ခြေထောက်ကို
တွဲလောင်းချပြီး စိမ်ထားကြည့်ဖူးလား။ ကျွန်တော်ကတော့ အဲလိုမျိုး
ကိုယ့်ခြေထောက်ကို ရေထဲစိမ်ပြီး ရေကြည်ကြည်လေးရဲ့
လှိုင်းတွန့်လေးတွေအောက်ကခြေထောက်ကို ဖောက်ပြီးမြင်ရတာကို
အရမ်းသဘောကျပါတယ်။
ခင်ဗျားတို့လဲ သဘောကျတယ်ဆိုရင် အဲလိုလုပ်ကြည့်ပါ။
အရမ်းစိတ်ကြည်နူးဖို့ကောင်းပါတယ်..........
ဒါနဲ့တင်အားမရသေးလို့ နောက်တစ်ဆင့်တက်ပြီး ခင်ဗျားရဲ့ Laptop
ကိုရေထဲစိမ်ထားလိုက်ရင် ရေလှိုင်းလေးတွေအောက်က Laptop Screen လေးဟာ
အတော်ကြည်နူးဖို့ကောင်းမှာပဲလို့စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့
ကြည်နူးမယ်တောင်မကြံသေးဘူး
Laptop ကြီးကို ရေစိုသွားလို့ Window တောင်
ကောင်းကောင်းတက်နိုင်တော့မယ်မထင်ပါဘူး။ ဒါပေမဲ့ စိတ်မလျှော့ပါနဲ့ဦး။
ခင်ဗျားရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ Watery Desktop 3D
ရှိပါသေးတယ်။
Watery Desktop 3D Software လေးက ကွန်ပြူတာ Screen ကို ရေအောက်မှာ
သွားထားထားသလိုမျိုး Effect တွေနဲ့ အလှဆင်ပေးမဲ့ software တစ်ခုဖြစ်ပါတယ်။
Soft Rain, Hard Rain, Storm, Glide wave
စသည်ဖြင့် Effect တွေကလည်း အတော်စုံပါတယ်။ ဒါ့အပြင် mouse pointer ကို
screen ပေါ်မှာသွားနေရင် ရေထဲမှာ လက်နဲ့ကစားနေသလို
လှိုင်းလေးတွေဖြစ်သွားအောင်လည်း ဖန်တီးထားပါသေးတယ်။ Wallpaper function
တင်မကပဲ Screen Saver function ကိုလည်း
ထည့်ပေးထားတဲ့အတွက် အတော်အသုံးဝင်တဲ့ software တစ်ခုဖြစ်ပါတယ်။
Watery Desktop 3D software ကို Push- Entertainment က
ထုတ်လုပ်ထားတာဖြစ်ပြီး 1.38 MB ပဲရှိပါတယ်။
Download ဆွဲယူနိုင်ပါတယ်ခင်ဗျာ....။
>http://www.animated-wallpaper.com/files/WateryDesktop3D_setup.zip<
ရှာဖွေတွေ့ရှိတဲ့ဟာလေးကိုတင်ပေးခဲ့တာပါ..
အားလုံးကိုလေးစားလျှက် -- အောင်ကျော်မြ... kokyawthan858@gmail.com
0 comments:
Post a Comment