Wednesday, October 8, 2014

How to Root Samsung Galaxy S4 GT-i9500 Android 4.4.2 KitKat

Galaxy S4 GT-I9500 ကို Root ချင်ကြတဲ့ဘော်ဘော်တွေအတွက့်  Root ဖောတ်နည်းလေးကို
တင်ပေးလိုက်ပါတယ်။အောက်မှာအဆင့်ဆင့်ပြထားပါတယ်။





1- အရင်ဆုံး Galaxy S4 GT-I9500 ကိုကွန်ပြူ တာကသိစေဖို့ USB Driver ကိုမောင်းထားရပါမယ်။
    ဒီမှာနှိပ်ပြီး ဒေါင်းလိုက်ပါ။

2- USB Debugging ကို Settings >> Developer Options ကိုသွားပြီး enabled ဖြစ်နေရပါမယ်။

3- Firmware install လုပ်တဲ့အခါမှာအမှားအယွင်းတွေရှိလာရင်ပြီး Restore လုပ်နိုင်အောင် အရင်ဆုံး
    မိမိဖုန်းမှာအရေးကြီး Data တွေကို Back up လုပ်ထားပါ။

4- Battery အားကတော့ အနည်းဆုံး 60% လောက်ရှိနေစေရပါမယ်။

5- Settings >> About Phone ကိုသွားပြီးမိမိပြု လုပ်မယ့်ဖုန်းကအခုတင်ပြပေးနေတဲ့ Version ဖြစ်နေရပါ
    မယ်။

6- ဒါတွေအားလုံးသေချာပြီးဆိုရင် Root ဖောတ်ဖို့အတွက် CF-Root နဲ့ Odin 3.09 လိုအပ်ပါတယ်။ဒေါင်းလော့စ်ဖိုင်ထဲမှာအပြည့်အစုံထည့်ထားပါတယ် အောက်မှာဒေါင်းပါ။

အားလုံးပြီးသွားရင် စတင်ပြီး Root ဖောတ်ပါတော့မယ်

1- Odin 3.09 ကွန်ပြူ တာမှာ Run လိုက်ပါ။

 2- ပြီးရင် Download Mode  ထဲကိုဝင်ဖို့အတွက်   Galaxy S4 ကိုပိတ်လိုက်ပါ။ပါဝါစိတ်ချစွာပိတ်ပြီးပြီ
    ဆိုရင် Volume Down, Home and Power buttons ကိုတစ်ပြိုင်တည်းဖိနှိပ်ထားပါ။ warning
    ဆိုတဲ့  Android robot icon လေးပေါ်လာမှလွှတ်လိုက်ပါ။

 3- ပြီးရင်  Volume Up button  ကိုတစ်ချက်ထပ်နှိပ်ပါ။


4-  ပြီးရင် Galaxy S4 နဲ့ computer ကို USB ကြိုးနဲ့ချိတ်ဆက်လိုက်ပါ။

5- Odin ရဲ့ အပေါ်ဆုံး ID: COM နေရာမှာ အပြာရောင်လေးဖြစ်နေရင် device နဲ့ connected ဖြစ်သွား
    ပါပြီ။

6- message နေရာမှာလည်း "Added!" ဆိုတာပေါ်လာပါမယ်။ပြီးရင် (PDA) button ကိုနှိပ်ပြီး
    ဒေါင်းလော့စ်ဖိုင်ထဲက CF- Auto Root  tar.md5 ဆိုတာကိုခေါ်လိုက်ပါ။

7- ပြီးရင် (START) button ကိုနှိပ်ပြီး ခဏစောင့်ပါ။

 8- (Pass) message ဆိုတာလေးပေါ်လာပြီးရင် ဖုန်း reboot ကျသွားပါမယ်။ဒါဆိုရင် Root လုပ်တာပြီး
    ဆုံးပါပြီ။ကွန်ပြူ တာကနေဖုန်းနဲ့ချိတ်ဆက်ထားတာကိုဖြုတ်လို့ရပါပြီ။

Root Access ရမရသိချင်ရင်တော့ Root check App ကို Google Playstore ကနေဒေါင်းပြီးစမ်းကြည့်
လိုက်ပါ သူငယ်ချင်းတို့ရဲ့ Samsung Galaxy S4 GT-9500 on Android 4.4.2 (KitKat) လေးက
Rooted ဖြစ်ကြောင်းဝမ်းသာစွာတွေ့ရှိရပါမယ်ခင်ဗျားးးးး......................

အားလုံးပဲအဆင်ပြေကြပါစေ....

                               Click to CF Auto Root Download Here           
                                         

0 comments:

Post a Comment