Sunday, July 6, 2014

ရွှေရိုး အဘိဓာန်



1.Text to Speech (words)
2.Text to Speech (Paragraphs)
3.Speech To Textစတဲ့ Feature လေးတွေအသစ်ပါလာပါတယ်။အဲ့ဒီမှာ Speech To Text ကမိမိ သုံးထားတဲ့ Mic နဲ့ မိမိပြောတဲ့ အသံနေအသံထားပေါ်မှာဘဲမူတည်ပါတယ်။ဗမာ အသံထွက်တွေနဲ့ပြောရင်တော့ နားလည်မှာမဟုတ်ပါဘူး။.Net framework 4.0 နဲ့ရေးထားတဲ့အတွက်ကြောင့် Framework 4.0 တော့လိုပါလိမ့်မယ်။အောက်မှာဒေါင်းလိုက်ပါ။
Myanmar Unicode နဲ့ရေးထားတာဖြစ်တဲ့အတွက်ကြောင့် Unicode keyboard တစ်ခုခု လိုပါမယ်။
လိုအပ်တာတွေ ကတော့အရင်အတိုင်းပါပဲ။
အခု Version 2.0 က Windows 7 မှာတော့စမ်းထားပြီးပါပြီ။

Windows 8 မှာအဆင်ပြေမပြေတော့ မသိသေးပါဘူး။
စမ်းပြီးလို့အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော် Windows 8 အတွက် အသစ်ပြန်ရေးပေးပါ့မယ်။
အခု Version မှာ mac style လေးကိုသုံးထားပါတယ်။
Windows ပုံစံနဲ့လည်း သုံးလို့ရအောင် လုပ်ပေးထားပါတယ်။Free ပါဘဲ…မည်သည့်အခကြေးငွေမှ ပေးစရာမလိုပါဘူး။မိမိ တတ်သလောက် လှုဒါန်း တာဘဲဖြစ်ပါတယ်။DataSource တော့ အရင်အတိုင်း Ornagai ပါဘဲ။
အခု Version တော့အများကြီးတော့ မစမ်းရသေးပါဘူး။
အခု အားတုန်းလေး အမြန်တင်ပေးလိုက်တာဖြစ်ပါတယ်။ကျွန်တော် ကအခု အဝေးသင် ဒုတိယနှစ် စာမေးပွဲဖြေရတော့မှာဆိုတော့ ကွန်ပြူတာလောကနဲ့ နည်းနည်းတော့ အဆက်ပြတ်သွားပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော်ရေးနေတဲ့ Tutorials လေးတွေကိုလည်း မရေးနိုင်သေးပါဘူး။
ဒီအတွက် အားလုံးကို အထူးဘဲတောင်းပန်ပါတယ်။ဒါကြောင့် Install လုပ်ရာမှာဖြစ်ဖြစ်… အသုံးပြုရာမှာဖြစ်ဖြစ် အဆင်မပြေခဲ့ရင် ကျွန်တော့်ကို ပြန်လည်ပြောကြားနိုင်ပါတယ်။
Testing အများကြီးမစမ်းထားတဲ့အတွက်ကြောင့်  Bugs လေးတွေပါကောင်းပါနိုင်ပါတယ်။
အတတ်နိုင်ဆုံးတော့ ကင်းအောင် လုပ်ပေးထားပါတယ်။
dk92ster@gmail.com ကိုအကြံပြုချင်တာများ ရှိရင်လည်း အကြံပြုလို့ရပါတယ်။
အမှားများ ပါဝင်ခဲ့ရင် တောင်းပန်ပါတယ်။အောက်မှာကတော့ ပုံလေးတွေနဲ့ Download Links လေးတွေပါ။





                                                   
                                                       Download Here

0 comments:

Post a Comment